Wednesday, December 15, 2010

"ဟဲ...အဲဒါကြီးက ဘာလဲဟင်"

 "အဲဒါကြီးက ဘာလဲဟင်" ...ဆိုတဲ့မေးခွန်းဟာ ကျွန်တော်အမြဲလိုလို ကြားနေရတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ Worship Band ဂုဏ်တော်ချီးမွန်းခြင်းပွဲ အပီးတိုင်း လူကြီးခလေးမှအစ ကျွန်တော့်လက်ထဲ ကိုင်ထားသော တူရိယာ ကိုအမြဲတန်း စိတ်ဝင်တစား မေးလေ့ရှိပါတယ်။ တချို့ကလဲ ပုလွှေ လို့ဆိုသဘဲ ...တချို့ကလဲ ကိုညီညီရဲ့ နှဲ တယ်ကောင်းဆိုဘဲ။ တချို့ကလဲ...ဟို "တော်တော်" အသံ ထွက်သည့်အရာတဲ့၊... ကျွန်တော်ကို ရှင်းပြ ခွင့်ပြူပါ။


ကျွန်တော် အသုံးပြုတဲ့ တူရိယာ ဟာ "တတော်တော်"  နဲ့ အသံမည် ဒါတော့မှန်ပါတယ်... ဒါပေမဲ့ ပုလွှေလဲ မဟုတ်ဘူး...နှဲ လိုလဲဆိုလို့မရပါဘူး၊ ဤတူရိယာ ဟာ ဟေဗြဲ လို "Shofar", မြန်မာလို "တံပိုး" ဟုအမြည် ရပါတယ်။ ဤတူရိယာ သည် လူတို့၏ အားအင်ဖြင့် တီထွင် ဖန်တီး ထားသော တူရိယာ မဟုတ်ပါ။ ထာဝရဘုရား ဖန်ဆင်း ထားသော  အသွေးအသား ရှိတဲ့ သန့်ရှင်း   တရိဆာန် (သမင်) ၏ ဂျို ပင်ဖြစ်ပါတယ်။


ကျမ်းစာအရ တံပိုး ကို သုံးစွဲပုံ နည်းလမ်းများ -

(၁) လက်နက် အနေဖြင့်

ယောရှုမှတ်စာ ၆း၂၀ (ယောရှု အားတံ ပိုးမုတ်  ခြင်းဖြင့် အင်အားကြီးမား သော Jerico ကိုသိမ်းပိုက်ခြင်း)
ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ ယောရှု၏လူအများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သော အသံနှင့် ကြွေးကြော်ကြသောအခါ၊ ၇န်သူ၏ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ ယောရှု၏လူအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့် ဝင်ပြီးလျှင်၊ သိမ်းယူကြ၏။ 


တရားသူကြီးမှတ်စာ ရး၂၂ (ဂိဒေါင် တို့၏ တံပိုးသံ ဖြင့် ရန်သူ တို့အားတွေဝေ ခြေမုန်း ခြင်း)
ဂိဒေါင်၏ လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်၊ ရန်သူ တပ်သားအပေါင်းတို့သည် တယောက်ကိုတယောက် တိုက်၏၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့၎င်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နာသို့၎င်းပြေးကြ၏။ 


 (၂) ထာဝရဘုရား၏ တန်ခိုးတော် မဆင်းကြွှမြည် လူအပေါင်း တို့စုဝေးရန် သတိပေးခြင်း

ထွက်မြောက်ရာကျမ်း ၁၉း၁၆၊ ၁၉ (ပညတ်တော်မြတ် တို့အား မဖေါ်ပြမည် တံပိုးသံ ဖြင့် လူတို့ အား သတိပေးခြင်း)
သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့် တကွ မိုဃ်းတိမ် တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့်တံပိုးမြည်သဖြင့်၊ တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။.....တံပိုး မြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။




(၃) ဂုဏ်ကျေးဇူးတော် ချီးမွန်းခြင်း တူရိယာ အဖြစ်

ဆာလံကျမ်း ၄၇း၆
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်ဝမ်းမြောက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရားဝမ်းမြောက် တော်မူ၏။  
עָלָה אֱלֹהִים, בִּתְרוּעָה;    יְהוָה, בְּקוֹל שׁוֹפָר. 



ဆာလံကျမ်း ၉၈း၆
တံပိုးခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
 בַּחֲצֹצְרוֹת, וְקוֹל שׁוֹפָר--    הָרִיעוּ, לִפְנֵי הַמֶּלֶךְ יְהוָה. 



ဆာလံကျမ်း ၁၅၀း၃
တံပိုးမှုတ်ခြင်း ဖြင့်ချီးမွမ်းကြလော့၊၊   הַלְלוּהוּ, בְּתֵקַע שׁוֹפָר;    הַלְלוּהוּ, בְּנֵבֶל וְכִנּוֹר.




ထာဝရဘုရား သည်သူ၏ကြွယ်ဝသော ဘုန်းတန်းခိုးတော် အားဖြစ်    ကျွန်တော့်အား ဤအကြောင်း အရာများ ကိုဖေါ်ပြ ခဲ့ပါသည်။ ကျွန်တော် တို့အဖွဲ့ ထာ၀၇ဘုရား ဖေါ်ပြ သည့်  အတိုင်း တံပိုးမုတ်လျှာက် အနယ်နယ် အရပ်ရပ် သို့ လဲ့လည် ဂုဏ်တော် သီချင်းများ သီဆို၊ ပညတ်တော် မြတ်များသို့ ပြန်လည် လိုက်နာရန် တိုက်တွန်း၊ ယေရှုသခင်၏ ကယ်တင်ခြင်း သီတင်း ကောင်းများ ဝေင သောအခါ  ရန်သူ မာနတ် ဆိုး၏ အတားအစီး များကို ထူးချား အံ့ဖယ်စွာ ဖြိုခွဲ အနိုင်ရယူ ခြင်း၊ ပါဝင်သူ လူအပေါင်း အပေါ် ထာဝရဘုရား၏ ၀ိညင်တော် ဆင်းသက်ခြင်း၊ ထာ၀၇ဘုရား၏ နှစ်သက် ရင်းနီးခြင်း စသည်ဖြင့် ကောင်းကြီး မင်ဂလာ အပေါင်း တို့ကို ခံစားတွေ့ ရှိခဲ့ရ ပါတယ်။


မိတ်ဆွေတို့ ....တံပိုး မုတ်သံ တို့ ကိုသင် ကြားလျှင် ယေရှုသခင် ဒုတိယ အကြိမ် ပြန်လာမည့် အောက်ပါ ကျမ်းချက် အား သတိရ စေလို ပါတယ်။


ဗျာဒိတ်ကျမ်း ၈း၂ ၊ ၁၀း၇
ဘုရားသခင့် ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကိုပေး၏။ .....ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထား တော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။


သတ္တမကောင်းကင်တမန် ၏ တံပိုး မုတ်သံ ကို အယောက် စီတိုင်း ကြားမြင် နိုင်ပါ စေ လို့ဆုမွန် ကောင်း တောင်းလျှာက်.....


ယေရှုသခင်၏ ကောင်းမြတ်ခြင်း၌ ...Shalom!
ကိုညီညီ


တံပိုးမုတ် လျှက်ဆက်ကပ်ခြင်း ဗီဒီယို -


 

No comments:

Post a Comment