Friday, December 10, 2010

အပြစ်ဆိုဒါဘာလဲ...သင်အပြစ်တွေဆက်လုပ်နေသေးလား?

အပြစ်ဆိုဒါဘာလဲ....အဖြေကိုအောက်ပါ ကျမ်းစာတွင်တွေ့ရှိနိုင်ပါသည် - 

ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
"အပြစ်ဒုစရိုက်(sin)ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ အပြစ်ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။"

ထာ၀၇ဘုရားရှင်၏ပညတ်တော်များကို  ကျမ်းစာပဋ္ဌမ ၅စောင် (ကမ္ဘာဦးကျမ်း မှ တရားဟောရာကျမ်း အထိ - Torah) တွင် တွေ့ရှိနိုင်ပါသည်။ 

ဆက်လက်လေ့လာရန် -


ရှင်ယောဟန်သြဝါဒစာပဌမစောင်။ ၂း၃
ယေရှုကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်းယေရှုကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ ယေရှု၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ယေရှုရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ယေရှုခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည် (ပညတ်တော်တို့ကိုလိုက်နာခြင်း)

ယေရှုသခင်သည် သူ၏နှောက်လိုက်များအား အစဉ်အမြဲ အဖခမည်းတော်၏  ညွန်ကြားသွန်သင်ချက် ပညတ်တော်တို့ကိုလိုက်နာရန် တိုက်တွန်းသောသူ ဖြစ်၏၊ အဖခမည်းတော်၏ စကားအား လိုက်နာရန် မလိုတော့ပါဟု သွန်သင်ခြင်းသည် မာနတ်ဆိုး၏ အပြုအမူဖြစ်သည်။ (အာဒန် ရဲ့အဖြစ်အပြက် ကိုသတိရပါ)

ပညတ်တော်တို့သည် ဣသရေလလူမျိုးများအတွက်သာမဟုတ်၊ ထာ၀၇ဘုရားရှင်အားယုံကြည်ကိုးစားသော သူလူအပေါင်းအတွက်လိုက်နာရန်ဖြစ်ပေသည်။
 
သခင်ယေရှုမေရှိယ၌ ......Shalom!
ကိုညီညီ

No comments:

Post a Comment