Monday, May 9, 2011

ကျမ်းစာကို ဟေဗြဲရှု့ဒေါင့် ကနေ အဓိပါယ်ယူဖို့ ဘာကြောင့် အရေးကြီးသလဲ ?

- ထာဝရဘုရားသခင် သည် ဘယ်လူမျိုးကိုမှမရွေး.. ဟေဗြဲ လူမျိုးများအား သူ၏အလိုတော် ကို လောကသို့ ဖော်ပြရန် ရွေးကောက်ခဲ့သည်။

- တမန်တော်များ အားလုံးသာမက ကျမ်းစာ ကိုရေးသားပြု စုခဲ့သောသူများ သည်လဲ ဟေဗြဲ လူမျိုးများဖြစ်ကြသည်။

- ဟေဗြဲ Culture သည် ဘုရားသခင်၏ နူတ်ကပတ်တော် ကိုမှီဝဲ အခြေခံ လျက် ဖြစ်ပေါ်လာသော Culture ဖြစ်သည်၊.... ရှိပြီးသား Culture ကိုဘုရားသခင် ရွေးကောက်ခဲ့သည်မဟုတ်။

- သခင်ယေရှု သည်လဲ ဟေဗြဲ စကားပြောသော .. ဟေဗြဲ လူမျိုးဖြစ် သည်။

ဟေဗြဲ မှ ဂရိ၊ ...ဂရိ မှ ..အခြားသောစကား ဘာသာများ..မှတဆင့်...English ..မြန်မာ စသည်ဖြင့် အပြောင်းအလဲတွင် ကျမ်းစာ၏ အဓိက ရည်ရွယ်ချက်၊ အနက်အဓိပါယ် မြောက်များစွာသည် မှားယွန်းစွာ ကောက်ချက်ခြ လမ်းလွဲခဲ့ကြသည်။ 

ဒါကြောင့် ဒီကနေ့ ခရစ်ယာန် များသည် ကဘာပေါ်မှာ အများဆုံးသော ဘာသာလူထုဖြစ်သော်လဲ စည်းလုံးညီညွတ်မူ့ မရှိကြခြေ။... ဂိုင်းဂန်ဒ အမျိုးမျိုး၊ ..ကျမ်းစာကို အကန်း ၆ ယောက်..ဆင်စမ်းနေသလို တယောက် တမျိုး အဓိပါယ် တွေယူခဲ့ကြတယ်။

ဧဝံဂေလိ လုပ်ငန်းတွေကလဲ စတိတ်ရှိုးနဲ့ ကိုးယိုးကားယား၊ ပါးစပ်က ယေရှုလို့ ပြောရင်ပြီးယော စင်ပေါ်မှာ လုပ်ခြင်ဒါ အကုန်တက် လုပ်တယ်...၊ ပါဝင်သူအများဟာလဲ..နူတ်ဖြင့်သာပြောင်းလဲပြီး ..အသက်တာပုံသက်သေ ပြောင်းလဲ မူ့ဘာမှမတွေ့ရဘူး။

ဘုရားသခင် ၏နေ့မြတ်တော်တို့ကို လစ်လူရှု့ပြီး ..မစားရန်တားမြစ်ထားသော ဝက်သား၊ ကြမ်းတွင်တွားသော ပုဇွန် စသည်ဖြင့်တို့ကို သုံးစွဲလျက်...Christmas...Easter နေနတ် ကိုးကွယ်ခြင်းပွဲ တို့ကိုကြင်းပလျက်နေတယ်။

သခင်ယေရှု ၏သွန်သင်ခြင်း၊...ပထမ တမန်တော်တွေရဲ့ ယုံကြည်ခြင်း၊ အသင်းတော်၊ ဧဝံဂေလိ အမူ့တော်တွေ ဟာဒါမျိုးဘဲလား ?

ကျွန်တော်တော့ မထင်ဘူး.....ကျမ်းစာ ကလဲမဟုတ်ဘူးလို့ဖေါ်ပြပါတယ်။

ကျမ်းပိုက် တခုဖတ်မယ်....

"ထာဝရဘုရားမိန့်တော်မူသည်ကား၊ လမ်းနားမှာ ရပ်၍ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။......" (ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၆း၁၆)

မောင်နမတို့  ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက် ...ဘုရားသခင် ၏စစ်မန်ခြင်းသို့ (၁) ယုံကြည်ခြင်း (၂)ပညတ် (Torah - တိုရာရ်) တို့ ကိုလိုက်နာ စောင့်ထိမ်းခြင်း....တို့ဖြင့်အတူတကွ  ခြည်တက်ကြပါဆို့။

Shalom!
ကိုညီညီ


No comments:

Post a Comment